ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း နှင့် တွေ့ဆုံခြင်း
မေး- ကုလားတန် ဘက်စုံစီမံကိန်းကို အစိုးရသစ် အနေနဲ့ ဘယ်လို တာဝန်ယူ ဆောင်ရွက်နေပြီး ဒီစီမံကိန်း က ရခိုင်ပြည်နယ် အတွက် ဘယ်လောက်ထိ အကျိုး ပြုလာ နိုင်မလဲဆိုတာကို သိချင်ပါတယ်။
ဖြေ- ကန်ဒေါ်လာသန်း ၁၀ဝကျော် ရင်းနှီးမြှုပ်နှံနေတဲ့ ဒီသင်္ဘောဆိပ်ကြီးကို ၂၀၁၃ ခုနှစ် ၆လပိုင်း ၃ဝရက်မှာ ဆောက်လုပ်ပြီးသွားရင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကို လွှဲပေးရမှာဖြစ်ပါတယ်။ ဆိပ်ကမ်းအာဏာပိုင်ကို လွှဲပေးပြီး လို့ရှိရင် ဒီဆိပ်ကမ်းမှာ အိန္ဒိယက သင်္ဘော လာကပ်လို့ရှိရင် ကပ်မယ့်သင်္ဘောစရိတ်ကွန် တိန်နာ တွေကို ထားမယ်ဆိုရင် အဲဒီရဲ့စရိတ်တွေကို မြန်မာ့ ဆိပ်ကမ်းက သတ်မှတ်ထား တဲ့အတိုင်း ကျွန်တော်တို့ ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီဆိပ် ကမ်းကနေ ပလက်ဝထိကို ကုန်းတွင်းသွားရေကြောင်း သင်္ဘောတွေနဲ့ သွားတဲ့အခါမှာလည်း စစ်တွေကနေ ပလက်ဝ မြို့အထိကိုသွားတဲ့မြစ်ကြောင်း တစ်လျှောက်ကို တိုးတက်အောင် လည်း ဆောက်ရွက် ရမှာဖြစ်ပါတယ်။ နောက်ပြီး ပလက်ဝက နေ မီဇိုရမ်ပြည်နယ်ထိကို ကုန်း ကြောင်းနဲ့ သွားရမှာဖြစ်တဲ့အတွက် အလုပ်အကိုင်အ ခွင့်အလမ်းတွေ ရရှိမှာဖြစ်သလို Transport နဲ့ ပတ်သက်ပြီး တော့အခွင့်အလမ်း တွေရလာနိုင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွက် လိုအပ်တဲ့အသုံး အဆောင်ပစ္စည်းတွေ စားသောက်ကုန်တွေဟာ စရိတ်စက ပိုကြီးတယ်။ ရေလမ်းကြောင်းကနေ သယ် တဲ့အခါကျတော့ စရိတ်စက သက်သာတယ်။ သက် သာပေမယ့် ကျွန်တော် တို့မှာ ဘာအခက်အခဲ ဖြစ်နေသလဲ ဆိုတော့ ဟိုးရှေးအစဉ် အလာက နေ ဒီစစ်တွေ ဆိပ်ကမ်း တစ်ခုတည်းသာရှိတဲ့ အတွက်ကြောင့် MV အဆင့်ရှိတဲ့သင်္ဘောတွေ ဆိုက်ကပ်ပြီးတော့ ကုန် တင်ကုန်ချလုပ်ဖို့ အခက် အခဲတွေအများကြီးရှိပါ တယ်။ ဆိုတော့ ဒီအိန္ဒိယ ကနေ ကျွန်တော်တို့ နဲ့ အခုလုပ်နေတဲ့ဏမသနြခအ ကြီးပြီးသွားရင် ကျွန်တော်တို့သင်္ဘောတွေ တစ်စင်းနှစ် စင်း ဒီဆိပ်ကမ်းမှာ ကပ်နိုင်သလို နဂိုဆိပ်ကမ်းအဟောင်း မှာလည်း ကပ်နိုင်တဲ့ အတွက်ကြောင့် ကုန်ပစ္စည်းတွေ သယ်ယူရာမှာလည်း သွက်လက်လာ မှာဖြစ်သလို သင်္ဘောတွေလည်း ခရီးစဉ်တစ်လျှောက် မလိုအပ်တဲ့ အချိန်ကုန်ဆုံး မှုတွေလည်း သက်သာလာမှာ ဖြစ်ပါ တယ်။ အဲဒီလိုရက်တွေ သက်သာလာတဲ့အတွက် ကုန် ပစ္စည်းတွေရဲ့ သယ်ယူခဟာ လည်း လျော့လာမှာ ဖြစ် ပါတယ်။ အဲဒီ လိုလျော့လာတာနဲ့အမျှ ပြည်သူတွေအ နေနဲ့ စားသောက်ကုန်တွေစရိတ်စကတွေလည်း အရင် ထက် သက်သာမှာ ဖြစ်ပါတယ်။
မေး-ရခိုင်ပြည် လျှပ်စစ်ဓာတ်အား ရရှိရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုမယ့် စိုင်းတင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို သိချင် ပါတယ်။
ဖြေ- ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရေအားလျှပ် စစ်ဓာတ်အားအနေနဲ့ ပေါ်လာနိုင်တာကတော့ သူ ဌေးချောင်း ရေအား လျှပ်စစ်စီမံကိန်း ဖြစ်ပါတယ်။ နောက်တစ်ခါ အမ်းချောင်း ရေအား လျှပ်စစ် ဖြစ်ပါ တယ်။ သူနဲ့အပြိုင် အခု စိုင်းတင် ရေအား လျှပ်စစ် ဟာလည်း ဖြစ်ပေါ် လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်လောက်ကတည်းက ဒီစိုင်းတင်ရေအား လျှပ်စစ် ဆိုတာ အဆင့်ဆင့်ပေါ့လေ။ နိုင်ငံတော် အစိုးရ ကနေ ပြီးတော့မှ စိတ်ဝင်တစားနဲ့ လုပ်ခဲ့တာရှိပါတယ်။ ဒီက နေ့ထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။ လက်ရှိအနေအထား တွေ ပြောပြရမယ်ဆိုရင် စိုင်းတင် ဒေသမှာ နိုင်ငံခြား ကုမ္ပဏီ တစ်ခုက တိုင်းတာ လျက်ရှိ ပါတယ်။ သူတို့တိုင်းတာတဲ့အခါမှာ တစ်ဝက် တစ်ပျက် တိုင်းတာပြီး တဲ့အခါမှာ ကျွန်တော်တို့အစိုးရအဖွဲ့ကို တင်ပြတာက လက်ရှိဒီစိုင်းတင်ဒေသမှာရှိတဲ့ ပထဝီ အနေအထားအရ ဆည်ကို တည်ဆောက်တဲ့ အခါမှာ ရေရဲ့ Capacity ကိုထိန်းနိုင်တဲ့ မြေသားရရှိအောင် နေရာရွေးနေတယ်။ စိုင်းတင် ရေတံခွန် ဖြစ်နိုင် တဲ့နေရာ မှာ စမ်းသပ်မှုတွေရှိခဲ့ပါတယ်။ အခုကတော့ စိုင်းတင် ရေတံခွန်ဖြစ်ပေါ်တဲ့နေရာမှာ ရေတံခွန်လည်း မပျက် စီးရအောင် သဘာဝ ပတ်ဝန်းကျင်ကို လည်းပျက်စီးမှု နည်းအောင်လိုအပ်တဲ့ ရေအနေအထားလည်း ရအောင် ဆိုပြီး တော့ ရေတံခွန်ရဲ့ အထက်ဘက်မှာ သူတို့ သင့်တော်တဲ့နေရာကို ရွေးနေပါတယ်။ ရွေးပြီးလို့ရှိရင် ရေပမာဏ တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား ထုတ် ပေးနိုင်တဲ့ အခြေအနေရဲ့အသေးစိတ်ကို တွက်ချက်ပြီး တဲ့အခါမှာ ဒီရလဒ်ကို ကျွန်တော် တို့အစိုးရအဖွဲ့ကို တင်ပြမှာဖြစ်ပါတယ်။ လက်ရှိအနေအထား အားဖြင့် အဲဒီကုမ္ပဏီဟာ စိုင်းတင်ဒေသမှာ အလုပ် စတင်လုပ် နေပြီဖြစ်ပါတယ်။ ကုမ္ပဏီကတော့ တရုတ်နိုင်ငံ ကုမ္ပဏီဖြစ်ပါတယ်။
၁ဝယူနစ် ကျော်ပြီး သုံးတဲ့အခါ လက်ရှိ ဒီဇယ်ဈေးနှုန်း အရ ကျွန်တော်တို့ လက်ရှိဆိုလို့ရှိရင်တော့ ဖိုးသီးချို ကုမ္ပဏီနဲ့ ပူးပေါင်း ပြီးတော့ အစိုးရကနေ သတ်မှတ် ပေးတဲ့ တစ်ယူနစ်ကို ၄၆ဝနှုန်းနဲ့ ပေးရတာ ဖြစ်ပါတယ်။
မေး- လက်ရှိစစ်တွေမြို့ကို မီးပေးဝေနေတဲ့ အချိန်နဲ့သုံး စွဲနေတဲ့မီတာခတွေကို ဘယ်လိုကောက်ခံနေပါသလဲ။
ဖြေ- စစ်တွေမြို့ရဲ့ မီးသုံးစွဲတဲ့အားအပေါ်မှာမူတည် ပြီးတော့ ကျွန်တော်တို့လေးနာရီကနေ တိုးချဲ့လိုက် တာ ခြောက်နာရီ၊ ခြောက်နာရီကနေ အခုတော့ ၂၄ နာရီအထိ ဖြစ်လာပါတယ်။ ၂၄ နာရီအထိဖြစ်တဲ့အခါ မှာ ကျွန်တော်တို့ဟာ မူလအခြေခံ အားဖြင့် နိုင်ငံ တော်က မီးနှစ်နာရီပေး တဲ့စနစ် ပျက်သွားသလားဆို တော့ မပျက်ပါဘူး။ မပျက်တဲ့အခါမှာ ကျွန်တော်တို့ က ဘာလုပ်ရသလဲဆိုတော့ ပြည်နယ် ဝန်ကြီး ချုပ်ကိုယ် တိုင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တောင်းဆို ပါတယ်။ ကျွန်တော်တို့ နှစ်နာရီ မီးလင်းလို့ရှိရင် တစ်ရက်ကို ဒီမီးစက်ကြီးရဲ့ ကုန်ကျစရိတ် ဆီစားနှုန်းဘယ်လောက် ရှိသလဲ။ နိုင်ငံတော်က ဘယ်လောက်ပေးသလဲ။ နိုင်ငံတော်က တစ်နေ့ကို နှစ်နာရီနှုန်းထား နဲ့ပေးတဲ့ဆီတွေ ကို ရရှိဖို့ အတွက် တင်ပြတဲ့အခါမှာ ကျွန်တော်တို့ရခိုင် ပြည်နယ်က ရခဲ့ပါတယ်။ ရခဲ့တဲ့အတွက်ကြောင့် အခု အခြေခံ လူတန်းစား တွေအတွက် တစ်ယူနစ်ကို ၂၅ ကျပ်နှုန်းနဲ့ ၁ဝယူနစ်ထိ မီးခကို ကောက်ခံ ပါတယ်။ ၁ဝယူနစ် ကျော်ပြီး သုံးတဲ့အခါ လက်ရှိ ဒီဇယ်ဈေးနှုန်း အရ ကျွန်တော်တို့ လက်ရှိဆိုလို့ရှိရင်တော့ ဖိုးသီးချို ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ အစိုးရကနေ သတ်မှတ် ပေးတဲ့ တစ်ယူနစ်ကို ၄၆ဝနှုန်းနဲ့ ပေးရတာ ဖြစ်ပါတယ်။ မီတာရှိတဲ့ လူတွေ သုံးစွဲနေတဲ့လူတွေ အခြေခံ ၁၀ ယူနစ် ကိုတော့ သူတို့ဟာ ၂၅ ကျပ်နှုန်း၊ တချို့နေရာမှာလဲ ၃၅ကျပ်နှုန်းနဲ့ သုံးစွဲနိုင်ပြီးတော့ ၁၀ ယူနစ်ကျော်တဲ့အ ခါမှ ဒါမိမိ သဘော ဆန္ဒ အလျောက် သုံးတဲ့ယူနစ်အ တွက် ၄၆ဝနှုန်းနဲ့ ကျခံသုံးစွဲ ကြရတာ ဖြစ်ပါတယ်။
မေး- ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ရရှိဖို့အတွက် စက်မှုဇုန်တစ်ခုကို ပုဏ္ဏားကျွန်းမြို့ရဲ့ အနီးတစ်ဝိုက်မှာ ဖော်ထုတ်ဖို့ ဆောင်ရွက် နေတာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးတို့အနေနဲ့ ဘယ်လို ဆက်လက်ဆောင်ရွက်နေ သလဲဆိုတာကို သိချင်ပါတယ်။
ဖြေ- ကျွန်တော်တို့အနေနဲ့ ပုဏ္ဏားကျွန်းကို စက်မှုဇုန် တစ်ခု၊ စစ်တွေမှာစက်မှုဇုန် တစ်ခုတည်မယ်လို့သိထား ပါတယ်။ မြေနေရာတွေ ကျွန်တော်တို့ ပဏာမအား ဖြင့် လျာထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ စက်မှုဇုန် တစ်ခုအတွက် လိုအပ်တဲ့ အသေးစိတ် စည်းမျဉ်းစည်း ကမ်းဥပဒေ ညွှန်ကြားချက် တွေတော့ ကျမလာသေး ပါဘူး။ စီမံကိန်းထဲမှာတော့ ရှိပါတယ်။
ကျွန်တော်တို့အစိုးရအဖွဲ့က ပေါင်း စပ်ညှိနှိုင်းရေး ကိစ္စတွေ အစိုးရ က လုပ်ပေး နိုင်တဲ့ ကိစ္စ တွေကိုတင်ပြလာတဲ့ အခါမှာ ပူးပေါင်း ဆောင်ရွက် ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ နောင်လည်း ကျွန်တော် တို့ အခါအခွင့်သင့်လျှင် သင့်သလို ပုဂ္ဂလိကကို ပေးသင့် တဲ့ကိစ္စကို ပုဂ္ဂလိကက ဆောင်ရွက်မှ ဖြစ်မယ့် ကိစ္စတွေ ကို ပုဂ္ဂလိက တွေကို လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်သလို တချို့ကိစ္စ တွေမှာ ကျွန်တော်တို့အစိုးရကပဲ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့ လစ်ဟင်း နေတဲ့ ကိစ္စလေး တွေရှိရင် လည်း သုံးသပ်ပြီးတော့ ပြန်လည် ဆွေးနွေး ပြီးတဲ့ အခါ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
မေး- စစ်တွေမှာ မကြာမီရက်ပိုင်းက ဖောက်လုပ်ခဲ့တဲ့ ရှုခင်းသာလမ်းနဲ့ ပတ်သက်ပြီး ဒီလမ်းဖောက်လုပ်ရခြင်း ရဲ့ ရည်ရွယ်ချက်နဲ့ ကုန်ကျ စရိတ်ကို သိချင်ပါတယ်။
ဖြေ- ဒီလမ်းကိုအဆင့်မြင့်ဖို့အတွက် ဝန်ကြီးချုပ်က အဆိုပြုပါတယ်။ အဆိုပြုတဲ့အခါမှာ ဒီလမ်းတွေမက ပါဘူး။ စစ်တွေ ဟိုတယ်ကနေပြီးတော့ အခုဖောက်တဲ့ လမ်းအထိပါ၊ နိုင်ငံတော် အစိုးရနယ်စပ်ရေးရာဝန်ကြီး ဌာနအနေနဲ့ အချိန်တို အတွင်းမှာ အကောင်အထည် ဖော်ဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ စစ်တွေပွိုင့် ကနေပြီးတော့ မိဇံရွာမြို့နယ်ချောင်းအထိ ရှည်တဲ့ဒီ လမ်းကို အဆင့်မြင့် ဖို့အတွက် ကျပ်သန်း ၈၀၀ဝအထိ သုံးစွဲခဲ့တယ်လို့သိရပါတယ်။ ဖောက်လုပ်ရတဲ့ ရည်ရွယ် ချက်ကတော့ ဒီလမ်းဟာ မြို့သူမြို့သား တွေ မနက်လမ်း လျှောက်တဲ့လမ်းဖြစ်သလို၊ ညနေခင်း အပန်းဖြေတဲ့လမ်း လည်းဖြစ်ပါတယ်။ အလားတူပဲ စစ်တွေမြို့ရဲ့ ပြယုဂ်တစ် ခုမှာ ညအချိန် သင်္ဘောတွေ၊ စစ်တွေမြို့ကို ဝင်လာတဲ့ အခါ မှာအင်မတန် ကြည့်ချင်စဖွယ်၊ ရှုချင်စဖွယ်အနေအ ထားမျိုးရှိတဲ့ လမ်းဖြစ်ပါတယ်။ စစ်တွေမြို့မှာ နောက် ထပ်လမ်းတွေကိုလည်း အဆင့်မြင့်ဖို့ ဆောင်ရွက် လျက် ရှိပါတယ်။
မေး- ရခိုင်ပြည်နယ်ရဲ့ သမိုင်းအမွေအနှစ်တွေကို ထိန်း သိမ်းဖို့ တည်ဆောက် ပေးထားခဲ့တဲ့ ယဉ်ကျေးမှုပြတိုက် အထူးသဖြင့် ဗုဒ္ဓဝင်ပြတိုက်ဟာ ဆွဲဆောင်မှု နည်းပါး နေတာကိုတွေ့ရပါတယ်။ အဲဒါကြောင့် ဒီလိုအဆောက် အအုံတွေ အပါအဝင် အခြားသမိုင်းဝင် အဆောက်အအုံ တွေကိုများ ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ပေးဖို့ အစီ အစဉ်များ ရှိပါသလား။
ဖြေ- ကျွန်တော်တို့ တာဝန်ယူတာ တစ်နှစ်တာကာလ အတွင်းမှာပေါ့ ရခိုင်ပြည်နယ် ၁ရ မြို့နယ်ရဲ့ တိုးတက် ရာတိုးတက်ကြောင်းကို ကြိုးစား ဆောင်ရွက်လျက်ရှိ ပါတယ်။ လက်ရှိဆိုရင် စစ်တွေရဲ့ Image ဖြစ်တဲ့ လောကနန္ဒာ စေတီ ကိုလည်း ပြုပြင် နေပါတယ်။ ပထမ ပိုင်းရဲ့ တန်ဖိုးက သိန်း ၆၀၀ လောက်အကုန်ကျခံပြီး ပြုပြင်နေပါတယ်။ အထက်မှာမေးခဲ့သလို ယဉ်ကျေး မှုအဆောက်အအုံတွေကို ပုဂ္ဂလိက တွေကို လုပ်ကိုင် ခွင့်မပေးဘူးလား ဆိုတော့ တကယ့် NGO နဲ့ ပတ် သက်တဲ့ ကိစ္စကို ကျွန်တော်တို့ကလည်း NGO တွေ ကို လွှဲပေးနေ ပါတယ်။ အခုစစ်တွေမြို့ရဲ့ ဘိုးဘွားရိပ် သာဆိုရင် ဦးရွှေထွန်းအောင် ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်တဲ့ ဘိုးဘွားရိပ်သာ ကြီးကြပ်ရေး ကော်မတီ လက်အောက်ကို လုံးဝ သီးခြား လွှဲအပ်ပြီး ဖြစ်ပါတယ်။ စီမံခန့် ခွဲမှုကိစ္စကို NGO ဖြစ်တဲ့ စစ်တွေမြို့ ဘိုးဘွားရိပ်သာ ထိန်းသိမ်း စောင့်ရှောက်မှု အဖွဲ့က သီးသီးခြားခြား ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့က ပေါင်း စပ်ညှိနှိုင်းရေး ကိစ္စတွေ အစိုးရ က လုပ်ပေး နိုင်တဲ့ ကိစ္စ တွေကိုတင်ပြလာတဲ့ အခါမှာ ပူးပေါင်းဆောင်ရွက် ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ နောင်လည်း ကျွန်တော် တို့ အခါအခွင့်သင့်လျှင် သင့်သလို ပုဂ္ဂလိကကို ပေးသင့် တဲ့ကိစ္စကို ပုဂ္ဂလိကက ဆောင်ရွက်မှ ဖြစ်မယ့် ကိစ္စတွေ ကို ပုဂ္ဂလိက တွေကို လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်သလို တချို့ကိစ္စတွေမှာ ကျွန်တော်တို့အစိုးရကပဲ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့ လစ်ဟင်း နေတဲ့ ကိစ္စလေး တွေရှိရင်လည်း သုံးသပ်ပြီးတော့ ပြန်လည် ဆွေးနွေး ပြီးတဲ့ အခါ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
မေး- ရန်ကုန်-စစ်တွေ ကားလမ်းကို တိုက်ရိုက်အသုံး ပြုပြီး ကူးသန်းရောင်းဝယ် ဖို့ရှိနေကြတဲ့ ပေါက်တောမြို့ နယ်ဒေသခံတွေ အလွယ်တကူ အသုံးပြုနိုင်မယ့် ပေါက်တော-မင်းပြားလမ်းကို ဘယ်တော့လောက် စတင် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ဖောက်လုပ် နေပါသလဲ။
ဖြေ- လက်ရှိဆိုရင် တံတားက ပြီးခါနီးပါပြီ။ နိုင်ငံတော်မှာ ဆောက်လုပ်ရေးမှာ ဘတ်ဂျက်တွေအများ ကြီးသုံးရတဲ့အခါမှာ ဒီပေါက်တော-မင်းပြားလမ်းမှာ ရှိတဲ့တံတားက အထူးစီမံကိန်းမဟုတ်တဲ့ အတွက်ကြောင့် ကျတဲ့ ဘတ်ဂျက် ပေါ်မှာ မူတည်ပြီးတော့ တဖြည်းဖြည်း လုပ်ရတဲ့ အတွက်ကြောင့် အဲဒီစွန်ရဲတံတားတစ် ခုကျန်နေပါတယ်။ သာမန်လမ်းကတော့ ပြီးသွားပါပြီ။ စွန်ရဲတံတားပြီးသွားရင်တော့ ပေါက်တောနဲ့ မင်းပြား ဟာ မကြာမီအချိန်မှာ လမ်းပွင့် လာတော့မှာ ဖြစ်ပါ တယ်။ လက်ရှိလည်း လုပ်နေပါတယ်။ အမြန်ဆုံး ပြီးစီး နိုင်ဖို့ အတွက် လည်း ကြိုးစား ဆောင်ရွက်နေပါတယ်။
မေး- ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို ဆောင်ရွက်တဲ့အခါမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေ နဲ့လိုအပ်တဲ့ဘတ်ဂျက်တွေကို ဘယ်လိုခွဲဝေပြီးဆောင် ရွက်နေရပါသလဲဆိုတာကို သိချင်ပါတယ်။
ဖြေ- ဘတ်ဂျက်ကတော့ ကျွန်တော်တို့ မကြာမီ လွှတ်တော်ပြန်ခေါ်ပါမယ်။ ကျွန်တော်တို့က မိမိဘတ်ဂျက် ကို မိမိဆွဲပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်နယ်လွှတ် တော်မှာတင်ပြပြီး အတည်ပြုကြရမှာဖြစ်ပါတယ်။ ဘတ် ဂျက်ကိုဆွဲတဲ့အခါမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ် အနေနဲ့ ဒီမှာရှိတဲ့ပြည်နယ် အဖွဲ့အစည်းဝင် ၂ရ ဌာန မှာရှိတဲ့ဝန်ထမ်းတွေ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ပေးချေရမယ့်ငွေတွေ၊ ဆောက်လုပ်ဆဲ စီမံကိန်းတွေ၊ နောက်ထပ်ဆောက်လုပ်မယ့် စီမံကိန်း တွေအတွက် သုံးစွဲမယ့်ဘတ်ဂျက်ဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွင်းမှာ ရရှိတဲ့အခွန်အခနဲ့ မကာမိတဲ့အတွက် ကြောင့် ပြည်ထောင်စုဘတ်ဂျက်ကနေ တောင်းခံရပါ တယ်။ ပြည်ထောင်စု ဘတ်ဂျက်ကြီး ကတော့ တလောက ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ အတွက်ကြောင့် ရခိုင်ပြည်နယ်ရဲ့ ဘတ်ဂျက်ကို ဒီလ ၂၉ရက်မှာ ရခိုင်ပြည်နယ် လွှတ်တော်ခေါ်တဲ့အခါမှာ ပြန်လည် ဆွေးနွေးပြီးတော့ လွှတ်တော်ရဲ့ အတည်ပြု ချက်အတိုင်း ဘတ်ဂျက် ဥပဒေ ထွက်လာပြီး တော့ ဥပဒေ ပါတဲ့အတိုင်း ကျွန်တော်တို့ သုံးစွဲကြရမှာ ဖြစ်ပါတယ်။
မေး- အဲဒီလို ဘတ်ဂျက်တွေဆွဲတဲ့အခါမှာ ရခိုင် ပြည်နယ်ဝန်ကြီး အဖွဲ့တို့အနေနဲ့ ရခိုင်ပြည်နယ်အတွက် ဘယ်ကဏ္ဍတွေကို အခြား ကဏ္ဍတွေ ထက်ဘတ်ဂျက် တွေ ပိုပြီးသုံးစွဲသွား ဖို့ရှိပါသလဲ။
ဖြေ- ကျွန်တော်တို့ကတော့ ကဏ္ဍစုံမှာသုံးစွဲဖို့အတွက် သူများတိုင်းနှင့် ပြည်နယ်ခြေတစ်လှမ်းလှမ်းရင် ကျွန် တော်တို့က ငါးလှမ်းလောက် လှမ်းရမှာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပညာရေးကို ဆောင်ရွက်မှာ ဖြစ်သလို ကျန်းမာရေးကိုလည်း ဦးစားပေးဆောင်ရွက် မှာဖြစ်ပါတယ်။ ဘတ်ဂျက်ရဲ့အများဆုံးကိုတော့ လမ်း ပန်းဆက်သွယ်ရေးမှာ သုံးပါမယ်။
အဲဒီမှာ တစ်ဖက်တစ်လမ်းက ဒေသခံစာရေးဆရာ တွေလည်း ဝင်ပြီးတော့ လူငယ် တွေ စာဖတ်ခြင်းအား ဖြင့် အသိပညာ တိုးမြှင့်မှုတွေ၊ ဆွေးနွေး ဟောပြောမှု တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ပြုလုပ်ဖို့လည်း ကျွန်တော် တို့ ပြည်နယ် အစိုးရက လိုလား ပါတယ်။ စာကြည့်တိုက် တွေရှိနေရင် အဲဒီ စာကြည့်တိုက်တွေ တံခါးပိတ်ထား တာ မဟုတ်ဘဲနဲ့ ဖွင့်နေဖို့ လိုအပ်ပါတယ်။
မေး- ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့ အနေနဲ့ ပြည်နယ်တိုး တက်ဖို့အတွက် ဆောင်ရွက်နေတဲ့ အပိုင်းမှာ ပညာရေး ကိုအဓိကထား ဆောင်ရွက်မယ် လို့သိရပါတယ်။ ဆိုလိုချင်တာက မြို့ပေါ်ပညာရေးနဲ့ ကျေးလက်ပညာရေး ဟာ အတိုင်း အတာ တစ်ခု ထိကွာဟ မှုများ ပြားနေတဲ့အ တွက် ကျေးလက်ပညာရေး တွေကို ဘယ်လိုစီမံချက်တွေ နဲ့ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ- ပညာရေးကို ကျွန်တော်ပြောခဲ့သလို အဓိက ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ကပြည်ထောင်စုဝန်ကြီးအဖွဲ့ရဲ့ အလုပ်ကိုလည်းလုပ် နေရသလို ကိုယ်တိုင်ကလည်း ဥပဒေသမားဖြစ်တဲ့ အတွက်ကြောင့် ပြစ်မှုများ ကျဆင်းမှုမှာ လည်း လူတွေရဲ့ ပညာတတ်မှု မတတ်မှုက အဓိကကျတဲ့အတွက်ကြောင့် နယ်တွေကို ခရီးထွက်တဲ့အခါမှာလည်း သားသမီးတွေ ကလေးတွေကို စာသင်ပါ၊ ပညာတတ်လာရင် တွေးတတ်ခေါ်တတ်တဲ့ အတွက်ကြောင့် စည်းမဲ့ကမ်းမဲ့ ရိုင်း ရိုင်းစိုင်းစိုင်း အလုပ်တွေကို မလုပ်တော့ဘူး။ ဒီ အတွေး အခေါ်ဟာ ကျွန်တော်တို့ ဥပဒေသမား တွေမှာရှိသလို ပြည်မြန်မာအုပ်ချုပ် နေတဲ့ အစိုးရအဖွဲ့ဝင်အားလုံး မှာ ရှိပါတယ်။ အဲဒါကြောင့် ပညာရေး ကဏ္ဍကို ပိုမို ဆောင်ရွက်နေ သလို ယခုဆိုရင်လည်း ဂျပန်နိုင်ငံ နီပွန် ကုမ္ပဏီက ပဏာမအနေနဲ့ကူညီပေးဖို့ မူလတန်းကျောင်း ဆယ်ကျောင်းစာရင်းတောင်းတဲ့အတွက်ကြောင့် သူ တို့လာတဲ့အခါမှာ သူတို့ဆောက်တဲ့ ကျောင်းတွေကို လည်း မြင်နိုင် အောင်လို့ စစ်တွေ-မြောက်ဦး လမ်းကြောင်း တစ်လျှောက်မှာ ကျောင်း ၁၀ ကျောင်းရွေးထားပါတယ်။ အဲဒီမှာ တစ်ဖက်တစ်လမ်းက ဒေသခံစာရေးဆရာ တွေလည်း ဝင်ပြီးတော့ လူငယ် တွေ စာဖတ်ခြင်းအား ဖြင့် အသိပညာ တိုးမြှင့်မှုတွေ၊ ဆွေးနွေး ဟောပြောမှု တွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ပြုလုပ်ဖို့လည်း ကျွန်တော် တို့ ပြည်နယ် အစိုးရက လိုလားပါတယ်။ စာကြည့်တိုက် တွေရှိနေရင် အဲဒီ စာကြည့်တိုက်တွေ တံခါးပိတ်ထား တာ မဟုတ်ဘဲနဲ့ ဖွင့်နေဖို့ လိုအပ်ပါတယ်။
မေး- အခုနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စံချိန်တင် လောက်တဲ့ မီးလောင်ဆုံးရှုံးမှုတွေ ကြုံနေရတာနဲ့ပတ် သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးအဖို့က ဘယ်လိုများ ဒါကို လျော့နည်းအောင်စီစဉ်နေသလဲဆိုတာ သိချင် ပါတယ်။
ဖြေ- မီးဟေ့-ဆိုပြီး ကျွန်တော်တို့ရောက်သွားတဲ့အခါ မှာ ကျွန်တော်တို့ဈေးဆိုင်ခန်းတိုင်းမှာ ခေတ်မီကိရိယာ ဖြစ်တဲ့ မီးသတ်ဆေးဘူး မရှိဘူး တစ်ချက်၊ ရှိရင်လည်း ဒီအချိန်မှာ မီးလောင်မှုဖြစ်တဲ့အခါမှာ မီးသတ်ဆေး ဘူးလည်း မနိုင်တော့ဘူး။ မီးသတ်ကား ဝင်မယ်ဆိုရင် လည်း ကျွန်တော်တို့ဈေးတွေက ဈေးလေးတွေဖြစ်တဲ့ အတွက်ကြောင့်မို့ ဈေးထဲမှာ ကားဝင်နိုင်တဲ့ လမ်းတွေ မရှိဘူး။ ဝင်နိုင်တဲ့လမ်း တွေမရှိတဲ့ အတွက်ကြောင့် မီး ဟာ မီးများမီးနိုင်ဖြစ်တဲ့အတွက်ကြောင့် မီးသတ်မှု အပိုင်းမှာ မီးသတ်တဲ့အားကနည်းပြီးတော့ မီးလောင် တဲ့အားက များသွားတဲ့ အနေအထားဖြစ်ပါတယ်။ စစ် တွေဈေးကြီးဆိုရင် အရင်နဲ့မတူဘဲနဲ့ ကျွန်တော်တို့ မီးသတ်ကား ဝင်နိုင်အောင် စည်ပင်နဲ့ ရှင်းရပါမယ်။ တချို့ဆိုင်တွေ သတ်မှတ်ချက်အားဖြင့် သူ့ဆိုင်ကိုမှ သုံးပေပေးထားပေမယ့် ရှေ့ကနေပြီးတော့ ဆန်းရှိတ် ထိုးတာက ခြောက်ပေလောက်ရှိတယ်။ အဲဒီတော့ ဝင်လို့မရဘူး။ အခုကျွန်တော်တို့ဈေးက သွားကြည့်ရင် တွေ့နိုင်မှာပါ။ အရင်လို ဆန်းရှိတ်တွေ ရှုပ်ယှက်ခတ်ပြီးတော့ ဝင်လို့မရ နိုင်အောင် မဟုတ်ဘဲနဲ့ အချိန်သတ်မှတ်ထားချက်မရှိ ဘဲ ကျွန်တော်တို့ အခါအားလျော်စွာ မီးသတ်ကားကို သတ်မှတ်တဲ့ ပတ်လမ်းတစ်ပတ် ကျွန်တော်တို့မောင်း ပြီးတော့ မီးသတ်ဌာနက ဆောင်ရွက်နိုင်အောင် အစိုးရ အဖွဲ့က အားဖြည့်ပြီးတော့ ဆောင်ရွက်ထားပါတယ်။
မေး- ရခိုင်ပြည်နယ် အစိုးရသစ်အနေနဲ့ တော်တော် များများ လုပ်ထားတာလေးတွေရှိသလို တော်တော် များများဆောင်ရွက်ဖို့ ကျန်နေတဲ့ အပိုင်းလေး တွေရှိတာ လည်းတွေ့ရပါတယ်။ အထူးသဖြင့် ဘတ်ဂျက်နဲ့ပတ် သက်တဲ့လေလံကိစ္စတွေကို ဘယ်လိုပုံစံတွေနဲ့ လုပ်ကိုင် ခွင့်ပေးသွား မလဲဆိုတာ သိချင်ပါတယ်။
ဖြေ- ဒီနှစ်မှာတော့ ဦးဆုံး စည်ပင်လိုင်စင် တွေကိုချဖို့ ကျွန်တော်တို့ စဉ်းစားတဲ့အခါမှာ တိုင်းဒေသကြီး ပြည် နယ် ၁၃ခုမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ကျွန် တော်တို့ သတင်းရယူခဲ့တယ်။ အရင်အစဉ်အလာ တိုင်း မူလပေါက်ဈေးရဲ့ ၁ဝ ရာခိုင်နှုန်းကို တိုးမြှင့်လိုက် ပြီးတော့ အရင်လုပ်နေတဲ့ သူတွေကိုပေးတဲ့စနစ်တွေ ကို ကျင့်သုံးခဲ့တာတွေ့ရပါတယ်။ အခုနှစ်မှာတော့ အစိုးရအဖွဲ့က မိမိဒေသနဲ့ အသင့် တော်ဆုံးနည်း လမ်းကို ကျင့်သုံးနိုင်တဲ့ အတွက်ကြောင့် အစိုးရအဖွဲ့ အနေနဲ့ လေလံစည်းမျဉ်း စည်းကမ်းတွေကို အရင် ချမှတ်ပြီးတော့ စားသုံးသူတွေ ကိုလည်း မထိခိုက် အောင် ပြည်နယ်တိုးတက်ရာတိုးတက်ကြောင်းတွေ အထောက်အပံ့ဖြစ်စေတဲ့ ဘတ်ဂျက်လည်းရအောင် ဆိုပြီးတော့ ကျွန်တော်တို့ မူဝါဒတွေ ချပေးခဲ့ပါတယ်။ ဥပမာ- ဈေးလိုင်စင်တစ်ခုဆိုရင် လွန်ခဲ့တဲ့နှစ်က သိန်း တစ်ရာပေါက်တယ်ဆိုလို့ရှိရင် အရင်လုပ်တဲ့ ပုံစံအတိုင်း ၁ဝရာခိုင်နှုန်းတိုး နဂိုလုပ်တဲ့လူကို ပေးရမှာပေါ့။ ကျွန် တော်တို့ အဲဒီလမ်းကြောင်း ကို ကျွန်တော်တို့ အစိုးရ အဖွဲ့က မူဝါဒတွေ ချမှတ်တယ်။ ဈေးမှာ ဈေးကောက် တွေ အဆမတန်များပြီး ဈေးရောင်းတဲ့လူသည် အရင် နှစ်တုန်းကဝမ်းစကွဲယားဖိကို ကျပ် ၁၀ဝနှုန်းဖြစ်ပြီး တော့ ဒီနှစ်အခါမှာတော့ လေလံမြင့် သွားလို့ ၃၀၀ ဖြစ်သွား တယ်ဆိုတာ အဖြစ်မခံဘူး။ ဆွဲချင်သလိုဆွဲ အရင်နှစ် အတိုင်းပဲ ကျွန်တော်တို့က ဝမ်းစကွဲယားဖိကို ၁၀ဝပဲသတ်မှတ်တယ်။ အဲဒီမှာ လေလံဆွဲတဲ့လူတွေ က ကိုယ့်မှာ စီးပွားရေး တွက်ခြေကိုက်တာ ကြည့်ပြီး တော့ ၁၀၀ တန်ကို ၃၀ဝဖြစ်သွားတယ်။ ဟိုမှာ ယခင်နှစ်က ၁၀၀ ကောက်တာကို ၃၀ဝ သွားကောက်လို့ကတော့ အကောက်မခံဘူး။ အဲဒီမှာ လေလံက စည်းကမ်းတွေ ကို စနစ်တကျ ဖတ်ပြီးတော့မှ ကျွန်တော်တို့က လေလံ ဆွဲတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ ကျွန်တော်တို့ စည်ပင် လေလံတွေဟာ တစ်ပြည်နယ်လုံး သိသလောက်ဖြစ် ပါပြီ။ ပြဿနာကြီးကြီး ကျယ်ကျယ် မရှိပါဘူး။ အစိုးရ အဖွဲ့က လက်ခံနိုင်လောက်တဲ့ ဈေးနှုန်းတွေကို ရရှိပြီး တော့ ပြည်သူ တွေအတွက် လည်း သက်သာ တဲ့နှုန်းထား တွေကို ရရှိနိုင်မယ့်အနေအထားမှာရှိပါတယ်။ အရင် လုပ်တဲ့လူတွေပေးတဲ့စနစ်မဟုတ်ပါဘူး။ ငါးဖမ်းတင် တာတွေကတော့ ခရိုင်ငါးလုပ်ငန်း ဦးစီးမှူးက ဦးစီး ဆောင်ရွက် နိုင်တဲ့ကိစ္စရပ် တွေဖြစ်တဲ့ အတွက် ရခိုင် ပြည်နယ် တွင်း လေးခရိုင်အတွက် သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ မောင်တောဒေသများမှာ ဧပြီလအတွင်း အပြီး တင်ဒါလုပ်ကွက်ချပေးသွားဖို့ရှိပါတယ်။ အဲဒါ ကိုလည်း လေလံ စနစ်နဲ့သွားမှာ ဖြစ်ပါတယ်။
မေး- ယခင်က ဆိုရင် ရခိုင်ပြည်နယ်မှာ သိပ်ပြီးပြော သံမကြား ရသလောက်ဘဲ။ အခုဆိုရင် စစ်တွေမြို့မှာ ဒေသအခေါ်အဝေါ် ပဲစိချေပေါ့။ လူငယ်တွေ အများဆုံး အသုံးပြုနေကြတဲ့ ဒီပဲစိချေကို ဘယ်လိုစီမံချက်ချပြီး ဆောင်ရွက် နေသလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ- အခု ပြောတဲ့ဟာကတော့ အက်ဖက်တမင်းဆေး ပြားကို ရည်ရွယ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ပြည်ပဘက်မှာဆိုရင် ဒါကို မြင်းဆေး၊ ရာမဆေးလို့ ခေါ်ပါတယ်။ သူ့ဆေးထုတ်လုပ်တဲ့ ကယ်မီကယ် အခြေခံက အက်ဖက်တမင်း ဖြစ်ပါတယ်။ ဒီဆေးပြား တွေကတော့ သေးငယ်တယ်။ သယ်ယူရတာ လွယ်ကူ တယ်။ လူငယ်ထုတွေ ဆိုတာကတော့ ကျွန်တော်တို့ ဟိုအရင်တုန်းကတော့ ရခိုင်ပြည်နယ်မှာ နံပါတ်ဖိုး case ဆိုရင်လည်း ရှားရှားပါးပါး ဖြစ်ပါတယ်။ နောက် ဒီဆေးပြားတွေခေတ်မှာလည်း နောက်ကျပြီးတော့မှ ရခိုင်ပြည်နယ်ကို ရောက်လာ တဲ့သဘောပဲဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့လည်း သိသလောက် ဒီဆေး ပြားတွေ ဒီဘက်ကို စိမ့်ဝင်နေတယ်လို့ ကျွန်တော်တို့ လည်း သတင်းရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါး ဥပဒေမှာပါတဲ့ ရည်ရွယ်ချက်တွေ အတိုင်း ကျွန်တော်တို့ ပြည်နယ်အစိုးရကလည်း အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ဒါကိုအလေးထား ပါတယ်။ သူဝင်တဲ့ လမ်းကြောင်း တွေကို ပိတ်ဆို့ဖမ်းဆီးဖို့ သတင်းရတဲ့ အချက်အလက် တွေကို ဖော်ထုတ်ဖို့ သက်ဆိုင်ရာက ကျွန်တော်တို့မူး ယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အထူး အဖွဲ့တွေ ရှိပါ တယ်။ အဲဒီအဖွဲ့တွေနဲ့ မပြတ်ထိတွေ့ပြီးတော့ အကောင် အထည်ဖော်ဆောင်ရွက်ဖို့ ကြီးကြပ် ဆောင်ရွက် ပေးသလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း ဒီကိစ္စအပေါ် မှာ အထူးအလေးထားဆောင်ရွက်ဖို့ ကြပ်မတ်ဆောင် ရွက်လျက် ရှိပါတယ်။ ဒီလိုအမှုအခင်းတွေ ဒီဒေသမှာ ဖမ်းဆီးရမိပြီးတော့ တရားစွဲဆို အပြစ်ပေးထားတဲ့ လူတွေလည်းရှိပါတယ်။ ဒီအရာနဲ့ ပတ်သက်ပြီးတော့ ဒီမူးယစ်ဆေးဝါးဆိုတာဟာ ပြည်ထောင်စုအစိုးရ အတွက်လည်း အမျိုးသား ရေး တာဝန်ဖြစ်သလို ကျွန် တော်တို့ ရခိုင်ပြည်နယ် အနေနဲ့ကြည့်ရင်လည်း ပြည်နယ်အစိုးရရဲ့ အထူးအလေးထားတဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကျွန်တော်တို့ မျက်ခြည်မပြတ် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါတယ်။
မေး- CDMA ဖုန်းတွေကို ရခိုင်ပြည်နယ်အတွက် ဘယ်တော့လောက်များ ချပေးဖို့စီစဉ်နေပါသလဲ။
ဖြေ- ဧပြီ ၁ရက်နေ့ကို ကြိုးစားနေပါတယ်။ လက်ရှိ ကတော့ GSM အလုံး ၄၀၀ဝ နီးပါးရောင်းပြီးပြီ။ CDMA ခေတ္တရပ်ထားတာ အခုပြန်ပေးမယ်။ သူက နှစ်သိန်းခွဲ။ အကုန်လုံးကတော့ ၄၀၀၀၀ နီးပါးပေးမယ် လို့သိရပါတယ်။ အခုလော လောဆယ် ဂျီအက်စ်အမ် ရောင်းတယ်။ CDMA တွေကို ခဏပိတ်ထားတယ်။ ဧပြီလဆန်းပိုင်းမှာ ရောင်းနိုင်ဖို့ ကြိုးစား နေပါတယ်။ အစိုးရက သတ်မှတ်ထား တာကတော့ ဧပြီ ၁၄ရက် ကို သတ်မှတ် ထားတာပါ။
မေး- နောက်ဆုံးမေးခွန်းပါ။ ပြည်နယ် ဒေသခံတွေ အနေနဲ့ မတရားခံနေရတဲ့ အကြောင်းအရာတွေကို တိုင်ကြားချင်ရင် ဘယ်လို ဆောင်ရွက် ရမလဲ။ ပြည်နယ် အစိုးရအဖွဲ့က ဘယ်လိုဆောင်ရွက်နေပါသလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ- ကျွန်တော်တို့မှာ အစိုးရအဖွဲ့က တိုင်စာအားလုံး ကို စိစစ်ဖို့ ကော်မတီဖွဲ့ထားတယ်။ ကျွန်တော် အဲဒီ အဖွဲ့ထဲမှာ ပါပါတယ်။ ကျွန်တော်တို့က အရေးယူ ဆောင်ရွက်ရမယ့် တိုင်စာ၊ ဒါကတော့ သာမန်အသိ ပေးတဲ့တိုင်စာ၊ နောက်ကတော့ ပြည်ထောင်စု ကို တိုင် ထားတယ်၊ ဒီကိုလည်း တိုင်ထားတယ်။ ပြိုင်တူဖြစ်နေ တယ်။ တစ်ခါတစ်ခါ ကျွန်တော်တို့ ပြည်ထောင်စုက ချပေးတယ်။ ပြန်ပြီးတော့ စိစစ်ပေးရတာ တွေလည်း ရှိတယ်။ အရေးယူဆောင်ရွက်ပေးသင့်တဲ့ တိုင်စာ ဆိုရင် ကျွန်တော်တို့ အရေးယူဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပြည်နယ် အဆင့်က အရေးယူဖို့ ဆောင် ရွက်ပေးရင်လည်း ကွင်းဆင်းပြီးတော့ မြေပုံတွေ ဘာတွေဆွဲပြီးတော့ လုပ်ရတဲ့ကြီးကြီး မားမား ကိစ္စတွေ လည်းရှိပါတယ်။ သာမန်မြို့နယ် အဖွဲ့က ဖွဲ့ပြီးတော့ စစ်ဆေးပေးရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ တကယ့်ခံစားချက်တွေထဲက အမှန် တကယ်နစ်နာတယ်ဆိုတဲ့ အချက်တွေကို ကျွန်တော် တို့ အစိုးရအဖွဲ့အနေနဲ့ ကုစားပေးရမယ့် ဝတ္တရား ရှိတယ် လို့ ခံယူထားပါတယ်။ တိုင်တဲ့လူကလည်း သူ့အခွင့် အရေးတကယ်ဆုံးရှုံးတယ်။ တကယ်နစ်နာတယ်ဆို ရင်တော့ ဒါဟာ ကျွန်တော်တို့က စိစစ်ပြီးတော့ ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ မိမိ တစ်ကိုယ်ရေ အကျိုး မသေချာတဲ့ အချက်အလက် တွေ ကို အခြေပြုပြီးတိုင်တဲ့တိုင်စာအ ပိုင်းတွေလည်းရှိပါ တယ်။ တကယ်ဟုတ်လို့ တကယ်တိုင်တာကိုတော့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ပေးလျက် ရှိပါ တယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အထူးဂရုတစိုက် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အခါ မှာ ယေဘုယျတောင် မဟုတ်ဘဲနဲ့ တိုင်စာစိစစ်တဲ့ အထူးအဖွဲ့ဖွဲ့ပြီးတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါ ဝင်တဲ့ အဖွဲ့ဖွဲ့ပြီးတော့ အရေးယူ ပြီးတော့ စိစစ်ဆောင် ရွက်လျက်ရှိတယ် ဆိုတာ ပြောချင်ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
မူရင္း။ ။http://www.theyangontimes.com/