စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းထားသည့် စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်ကုမ္ပဏီစီဒီအိုအိုင်စီမှ လာရောက်လေ့လာခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း များကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများတွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
“ရခိုင်ပြည်နယ်လူထုအတွက် လျှပ်စစ်ဓာတ်အားက အမျိုးသားရေးလိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားမရှိလို့ ဒေသမဖွံ့ဖြိုးသလို ပညာပိုင်းဆိုင်ရာမှာ လည်း အားနည်းနေတာတွေ့ရပါတယ်။ အခုလို နည်းပညာတိုးတက်နေတဲ့ခေတ် မှာလူသုံးကုန်တွေ တော်တော်များများက လျှပ်စစ်သုံးတွေဖြစ်တဲ့အတွက် လျှပ်စစ်မီး သာ၂၄ နာရီ ရမယ်ဆိုရင် အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းမှာရခိုင်ပြည်နယ်အတွင်းအကောင်အထည်ဖော်နေသည့် ရေအား လျှပ်စစ်စီမံကိန်းများ အနက်တစ်ခုဖြစ်ပြီးဘူးသီးတောင်မြို့ အရှေ့ ဘက်တွင် တည်ရှိသည်။ တရုတ်ကုမ္ပဏီ စီဒီအိုအိုင်စီ၏ လေ့လာမှုအရ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိနေသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
မူရင်း။ ။

ဘူးသီးတောင်၊ မတ် - ၂
အတွဲ (၁၁)၊ အမှတ်(၂) http://www.7daynewsjournal.com
0 comments:
Post a Comment