တရုတ်ပြည်၏အဓိကစီးပွားရေးရင်းနီးမြုပ်နှံမှုဒေသတစ်ခုဖြစ်သော ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်ကလေးငယ်အများစုမှာပညာသင်ကြားရန် ကျောင်းမရှိသဖြင့် ပညာရေးပိုင်းမှာခက်ခဲနေကြောင်း သိရှိရသည်။
မဒေးကျွန်းတွင်ရွာပေါင်းသုံးရွာရှိပြီး အဆိုပါဒေသရှိကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက်စာသင်ကျောင်းလိုအပ်နေကြောင်း၊လက်ရှိအခြေအနေတွင် ကလေးငယ်များ စာသင်ကြားပေးနိုင်သည့် အနေအထားမရှိသောကြောင်း မဒေးကျွန်းရွာသားတစ်ဦးကပြောသည်။
“ဒီမဒေးကျွန်းမှာရှိကြတဲ့ ဒေသခံတွေဟာ တံငါသည်တွေများတယ်၊ ဆိုတော့အစဉ်ဆက်စာသင်ကျောင်းတွေမရှိဘူးခုစီမံကိန်း တွေရှိလာပြီဆိုတောလူတွေလဲများလာတယ်၊ ဒါပေမယ့်လို့ ကလေးတွေ အတွက်စာသင် ကျောင်းကမရှိဘူးဖြစ်နေတယ်၊ ကလေးတွေကစာမသင်ရဘူးကိုယ်နည်းကိုယ့်ဟန်နဲ့ဘဲစာသင့်နေရတယ်”ဟု အဆိုပါဒေသခံကပြောသည်။
မဒေးကျွန်းတွင် ရွာပေါင်းသုံးရွာရှိပြီး ဒေသခံအများစုမှာလက်လုပ်လက်စား အလုပ်သမားများသာ ဖြစ်ရာ၎င်းတို့၏ကလေးငယ်များကိုလည်းမြို့ပေါ်တွင်ကျောင်းထားနိုင်ရန် ငွေကြေးလုံလောက်မှုမရှိသည့် အတွက် ခက်ခဲနေကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
“အခုစီမံကိန်းမှာဒေသခံတွေ အလုပ်ရတယ်၊ ဒါပေမယ့် ရတဲ့လစာနဲ့ မိသားစုစားဝတ်နေရေးကမကိုက်တော့ဘူး ဒီကျွန်းမှာတခြားနယ်က အလုပ်သမားတွေ များလာတယ်ဆိုတော့ ကုန်ဈေးနှုန်းတွေ ကလည်း ထိုးတက်လာတယ်၊ ဒါကြောင့် သူတို့ရဲ့ကလေးတွေကို လည်း ကျောင်းမထားနိုင်ဘူးဖြစ်နေတယ် ”ဟုပြောသည်။
မဒေးကျွန်းသည် ကျောက်ဖြူမြို့နယ်မှ ရေ မိုင် ၅ မိုင် အကွာတွင်ရှိပြီး တရုတ် နိုင်ငံစီးပွား ရေးရင်းနှီးမြုပ်နှံမှုများဖြစ် သော ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ရေနံနှင့် သဘာဝဓာတ်ငွေ့သို့လှောင်ရုံစသည့်စီမံကိန်းများဆောက်လုပ်နေသည့် နေရာဖြစ်သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးအတွက် နယ်ဒေသခံများ၏ ကလေးများ ပညာသင်ကြားနိုင်ရေးကိုသက်ဆိုင်ရာတာဝန်ရှိသူများမှပံ့ပိုးပေးစေလိုကြောင်းဒေသခံများက ပြောဆိုလျက်ရှိသည်။
r မူရင်း။။ http://www.myitmakhamediagroup.com/detail.php?newid=769
0 comments:
Post a Comment