ရခိုင်ပြည်နယ်အတွင်းယခုလအတွင်းချပေးမည့်ချပေးမည့်တန်ဖိုးနည်းဂျီအက်စ်အမ်မိုဘိုင်းဖုန်းတိုးချဲ့တပ်ဆင်ရေးစီမံကိန်း ပထမနှစ်၏ပထမအဆင့်တွင် ပြည်နယ်အတွင်း မြို့ရှစ်မြို့၌ ဂျီအက်စ်အမ်စခန်းသစ် ၁၈ ခုတည်ဆောက်ပေးသွားမည်ဖြစ်ပြီး လိုင်း ၆၀၀၀၀ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း ဂျီအက်စ်အမ်လိုင်းတိုးချဲ့တပ်ဆင်ရေးစီမံကိန်းပထမနှစ်တွင် ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၆ မြို့တို့၌ ဂျီအက်စ်အမ်စခန်းသစ် ၄၉ ခုတည်ဆောက် ပြီး ဂျီအက်စ်အမ် လိုင်း ၁၅၇၀၀၀ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အလားတူ အဆိုပါစီမံကိန်း၏ ပထမနှစ်အတွင်း ပထမအဆင့်တွင် စစ်တွေမြို့၊ မြောက်ဦး မြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့၊ အမ်းမြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့များ၌ ဂျီအက်စ်အမ်စခန်းသစ်များ တပ်ဆင်ပေးသွားဖြစ်ကြောင်း သိရသည်။ ယခုအခါ စီမံကိန်းလုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်း ခန့်ဆောင်ရွက်ပြီးစီးလျက်ရှိနေပြီဖြစ်ကာ ယခုလအတွင်း ၀န်
ဆောင်မှုစတင်ပေးဆောင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။
မူရင်း။ http://www.7daynewsjournal.com

0 comments:
Post a Comment