Wednesday, April 25, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD လွှတ်တော်ထဲဝင်လာနိုင်ရေး USDP ကဆောင်ရွက်ဖို့လို ဟု ဒေါက်တာအေးမောင်ကဆို

ဖွဲ့စည်းပုံအခြေခံဥပဒေစာသားအချို့ ပြင်ဆင်ရေး အပါအဝင် လွှတ်တော်တွင်း ဒီမိုကရေစီစနစ်ပိုမိုပီပြင်လာရေးသည် USDP အပေါ်တွင် တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်ကပြောသည်။

‘‘အခုလွှတ်တော်ထဲမှာဆိုရင် USDP ပါတီက အင်အားအကြီးဆုံး ပါတီဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာသား အချို့ပြင်ဆင်ရေးအတွက် အဆိုတင်သွင်းနိုင်ရေးအတွက် USDP ပါတီကသာ လုပ်ဆောင် နိုင်ပါတယ်၊ ဒါကြောင့်မို့လွှတ်တော်တွင်း ဒီမိုကရေစီ စနစ် ပိုမိုပီပြင်လာ နိုင်ရေးအတွက် USDP ကဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အကယ်၍ ဆောင်ရွက်ပေးမယ်ဆိုရင်  ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် NLD အမတ်တွေ လွှတ်တော်ထဲ ဝင်လာနိုင်မှာ ဖြစ်ပါတယ်၊ အဲဒါကြောင့် USDP  ပါတီကို ဆောင်ရွက်ပေးဖို့ပြောကြားလိုပါတယ်’’ ဟု ဒေါက်တာအေးမောင်ကပြောသည်။
မုူရင္း။  ။http://www.theyangontimes.com/

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment