ကုလားတန်မြစ်ဘက်စုံသုံး ကြားခံပို့ဆောင်ရေးစီမံကိန်း၏ စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ဈေးကြီးနှင့် ကုလားတန် မြစ်ကမ်းတစ်လျှောက်ရှိ အိုးတန်း ရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်နေ ပြည်သူများနှင့် မြို့လူထုတစ်ရပ်လုံး၏ ဈေးဆိုင်ခန်းများ၊ အိုးအိမ်များ မြေနေရာများနှင့် ဆေးရုံကြီးတို့သည် စီမံကိန်းနေရာနှင့် လွတ်ကင်းသဖြင့် ဖယ်ရှားရန် အစီအစဉ် မရှိကြောင်း နှင့် ပြည်သူလူထုပိုင် မြို့မြေနေရာများနှင့်လည်း လွတ်ကင်းမှုရှိပါကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ဖေဖော်ဝါရီလ ၂ဝ ရက် နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၌ အမျိုးသားလွှတ်တော်သို့ တင်ပြ ဖြေကြားသွားသည်။
ဝန်ကြီး၏ဖြေကြားချက်အရ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းပို့ဆောင်ရေး စီမံကိန်း အထောက်အကူပြု လုပ်ငန်း၏ ဆောက်လုပ်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးမူဘောင် သဘောတူစာချုပ် Frame work Agremment နှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ဆိုင်ရာ Protocol တို့ ကို ၂ဝဝ၈ ခုနှစ် ဧပြီလ ၂ ရက်နေ့ တွင်အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ လက်မှတ်ရေးထိုး သဘောတူခဲ့ကြကြောင်း သိရသည်။
ယင်းစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် စစ်တွေဆိပ်ကမ်း ၌ တန် ၆ဝဝဝ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ စစ်တွေနှင့် ပလက်ဝတို့တွင် တန်ချိန် ၃ဝဝ မြစ် တွင်းသွား ရေယာဉ်များဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ်စင်းနှင့်ဆက်စပ် နေသော ဆိပ်ကမ်းအဆောက်အအုံ များရရှိစေမည်ဖြစ်ကြောင်းလည်း သိရ သည်။ ထို့အပြင်တန်ချိန် ၃ဝဝ မြစ် တွင်း သွားရေယာဉ်ခြောက်စီးအား မြန်မာနိုင်ငံဘက်မှ ရရှိမည်ဖြစ်သည့် အပြင် ကုလားတန်မြစ်ကြောင်း တစ် လျှောက် ရေလမ်းကြောင်းကောင်း မွန်ခြင်းနှင့် ပလက်ဝမှ အိန္ဒိယ-မြန်မာ နယ်စပ်အထိအဝေးပြေးလမ်းမတစ်ခု ပေါ်ပေါက်လာခြင်း စသည့်အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးကပြောကြား သွားသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့အနေဖြင့် လမ်းပန်းဆက် သွယ်ရေးများ ကောင်းမွန်လာပြီး နိုင်ငံတကာနှင့် ဆက်သွယ်မှုများ၊ ကုန်သွယ်မှုများတိုးတက်ဖွံ့ဖြိုးလာ ခြင်း၊ ပေါ်ပေါက်လာမည့်အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့သာမက အခြား နိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ် မှုများဆောင်ရွက်နိုင်ခြင်း၊ ကုလား တန်မြစ်တစ်လျှောက်ရှိ ဒေသများဖွံ့ဖြိုး တိုးတက်စေခြင်း၊ ဒေသခံပြည်သူ များအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းနှင့် ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက် ကောင်းမွန်လာစေခြင်း စသည့် ဒေသဖွံ့ဖြိုးမှုများ ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံသဘောတူစာချုပ်အရ စီမံကိန်းအတွက်လိုအပ်သော မြေနေရာကို မြန်မာဘက်မှပံ့ပိုးပေးရမည် ဖြစ်ရာ ပထမအဆင့်အနေဖြင့် ဆိပ်ခံ တံတားနောက်ခံမြေအဖြစ် စစ်တွေ ဖောင်တော်ကြီးဆိပ်ကမ်းဝင်းနှင့် မင်းကြီးကျောက်တန်းကြား ကုလား တန်မြစ်နှင့်ပြိုင်လျက် အလျား ၅ဝဝ တွင် အလျား ၃၂၄ မီတာနှင့်မြစ် ဘက်သို့ ၁၃၉ မီတာအကျယ်ကို ကျောက်စီ ရေကာတံတိုင်းပြုလုပ်၍ျွနခူငော မြေဖို့ပြီး၊ မြစ်ဘက်သို့မြေ နေရာတိုးချဲ့ကာဆိပ်ကမ်း အဆောက် အအုံများဆောက်လုပ်မည်ဖြစ်ပါ ကြောင်း၊ အလျား ၂၇၃ မီတာနှင့် အကျယ် ၁၅.၂ မီတာရှိ ပင်မဆိပ်ခံ တံတား၊ အလျား ၁၃၆ မီတာ၊ အကျယ် ၉.၅ မီတာရှိသော ချဉ်း ကပ်တံတားနှစ်ခုတို့ပါသည့် ဆိပ်ခံတံ တားကြီးအားဖော်ပြပါ Reclaim လုပ်ထားသည့် မြေနှင့်တစ်ဆက် တည်းဆောက်လုပ်မည်ဖြစ်ကြောင်း လည်းသိရသည်။ ယခုအခါ ပလက်ဝမြို့တွင် ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးက ရေယာဉ်များ ဆိုက်ကပ်မည့် ဆိပ်ခံတံတားတည် ဆောက်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ထို့အတူ ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ် ထိ မော်တော်ကားလမ်း ဖောက်လုပ် ရန်အတွက် လိုအပ်သောမြေနေရာ ရရှိရေးကို ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ညှိနှိုင်းဆောင်ရွက်လျက် ရှိပြီး ယခင်က EIA, SIA ကိစ္စရပ် များနှင့်ပတ်သက်သည့် အစီရင်ခံစာ မရှိခဲ့သေးသဖြင့် အိန္ဒိယနိုင်ငံဘက်သို့ EIA, SIA ပြုလုပ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်းသိရသည်။
''ကုလားတန်မြစ် ဘက်စုံသုံး ကြားခံပို့ဆောင်ရေး စီမံကိန်းကြောင့် စစ်တွေဆိပ်ကမ်း တည်ဆောက်မယ့် ဧရိယာနဲ့ ထိစပ်နေတဲ့ ပြည်နယ် ဆေးရုံကြီးအပါအဝင် ရပ်ကွက်များ ကို စီမံကိန်းကြောင့် ဖယ်ရှားရမယ် ဆိုပြီး ကောလာဟလတွေထွက်ပေါ် နေလို့ပြည်သူတွေကြားမှာ စိုးရိမ် ကြောင့်ကြမှုတွေဖြစ်နေခဲ့ရပါတယ်။ ပြည်ထောင်စုဝန်ကြီးက အခုလို အမျိုးသားလွှတ်တော်မှာ ရှင်းရှင်း လင်းလင်းတင်ပြ ပြောကြားသွားတဲ့ အတွက် စိုးရိမ်စိတ်တွေလျော့ပါးသွား ခဲ့ရပါတယ်၊ ဒီကောလာဟလကြောင့် စစ်တွေမြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အိမ်ဈေး၊ မြေဈေးတွေမကြုံဖူးအောင် မြင့်တက်ခဲ့တာကိုလဲ တွေ့ခဲ့ရပါတယ်'' ဟုစစ်တွေဆေးရုံကြီး အနီး ကျေးပင်ကြီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
စီမံကိန်းနှင့် ဆက်စပ်နယ်မြေမှာ စစ်တွေလေယာဉ်ကွင်းသို့ လေယာဉ်ဆင်းလမ်း၏ လမ်းကြောင်းပေါ်တွင် ရှိသော်လည်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန်မရှိသည့် အတွက် မြင်ကွင်းနှင့် လေလမ်းကြောင်းများ ပိတ်ဆို့သွားနိုင်ခြင်း မရှိကြောင်း သိရသည်။
မူရင်း။ ။http://www.zaygwet.com/business.php?id=96
0 comments:
Post a Comment