Wednesday, April 25, 2012

ရခိုင်ပြည်နယ်မှ ဒေသခံများ ရေရှားပါးခြင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရ

ယခုနှစ်တွင်  ရခိုင်ပြည်နယ်မြို့နယ် အနှံ့အပြားတွင် သောက်သုံးရေ ရေရှားပါးခြင်းအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံများထံက သိရှိရသည်။
“ဒီနှစ်တော့ မိုးနောက်ကျရင် သောက်သုံးရေ ရှားပါးလာတာ ပိုဆိုးနိုင်တယ်၊ စစ်တွေမြို့ကို သောက်သုံးရေဖြန့်နေတဲ့ ကန်တော်ကြီးလည်းရေခန်းခြောက်လာစပြုနေပြီ၊ တစ်ချို့ရပ်ကွက်ဆိုရင် သောက်သုံးရေ  ရှားနေပြီ ”ဟု ပြော ပြသည်။
ကျောက်ဖြူမြို့နယ် ရမ်းဗြဲမြို့နယ် တို့ တွင်လည်းကောင်း၊ ရမ်းဗြဲမြို့နယ်တွင်လည်း သောက်သုံးရေ ရှားပါးမှု ကြုံတွေနေရပြီဖြစ်ကြောင်း ရမ်းဗြဲမြို့ခံတစ်ဦးက ပြောသည်။
“ရမ်းဗြဲမြို့နယ်ကျေးရွာတွေဆီမှာလည်းသောက်ရေတွေ ရှားပါးနေပြီ ၊တစ်ချို့ကျေးရွာတွေဆိုရင် သောက်သုံးရေ မရှိတော့၊  ဝေးလံတဲ့နေရာသို့သွားပြီးရေရှာရတယ် ”ဟု ပြောပြသည်။
ထို့ပြင် ပိုက်လိုင်းစီမံကိန်းရှိ အလုပ်သမားများ အတွက် သောက်သုံးရေကို စမ်းချောင်းကသာ ထုတ်ယူဖြန့်ဖြူးနေသော်လည်းယခုအခါသောက်သုံးရေမှာနည်းပါးလာသည့်အတွက်  ရေကိုလိုသလောက် မရဖြစ်နေကြောင်း   ကျောက်ဖြူဒေသခံတစ်ဦးကရှင်းပြသည်။
“ ပိုက်လိုင်း စီမံကိန်းမှာ လုပ်နေတဲ့အိန္ဒိယ အလုပ်သမား ၄၀၀  အတွက် သောက်သုံးရေကို မင်းတက်တောင် စမ်းချောင်းကနေ ဖြန့်ဖြူးပေးနေပေမယ့် အရင်က တစ်နေ့ကို ရေဂါလံ တစ်သောင်းဖြန့်ဖြူးနိုင်ပါတယ်၊ အခု တစ်နေ့ကိုဂါလံ ရှစ်ထောင်လောက်သာ ဖြန့်ဖြူးနိုင်တော့တယ်၊ နောက်တော့ ဒီထက်ရှားလာနိုင်တယ် ”ဟု ပြောသည်။
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင်လည်း သောက်သုံးရေမှာ မနှစ်ထက် ရှားပါးလာကြောင်း ကန်တော်ကြီးမှ ဖြန့်ဖြူးသည့် သောက်သုံးရေမှာ တပါတ်လျှင် ၃ရက် မျှသာ ဖြန့်ဖြူးနိုင်တော့ကြောင်း စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်တွင်သောက်သုံးရေရှားပါးခြင်းအခက်အခဲကို  ၂၀၀၈ ၊၂၀၁၀ ခုနှစ်တို့တွင်  ဖြစ်ပွားခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
 မူရင်း ။ ။http://www.myitmakhamediagroup.com/detail.php?newid=894

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment