Wednesday, April 25, 2012

ရခိုင်ပြည်နယ် တွင် နှစ်သိန်း တန်ဖုန်းစတင်ချပေး ၊ရခိုင်ပြည်နယ်တွင်း ၇မြို့နယ် အတွင်းသာ အသုံးပြုလို့ရ

ယခုလ ၁၄ ရက်နေ့မှစပြီး ရခိုင်ပြည်နယ်  ၇ မြို့နယ် တွင် နှစ်သိန်းတန်ဖုန်းစတင်ချပေးနေပြီး  ရက်သတ္တအပတ်အတွင်း အရေအတွက် သုံးထောင်ကျော်သာရောင်းရကြောင်း၊ယခုချပေးသော  ကျပ် ၂ သိန်းတင်ဖုန်းမှာလည်း ၇မြို့နယ်သာ အသုံးပြုလို့ရရှိကြောင်း သိရှိရသည်။
 
“၁၄ ရက် ၃လကနေ စပေးတယ် ၊ပေးတာက ၇ မြို့ပေါ့၊   နှစ်သိန်းတိတိပါ၊ ပိတ်ရက်မရှိရောင်းချပေးနေတာပါ။ ၁၄ နေ့ကစပြီး ဒီနေ့အထိ ၇မြို့နယ် အတွင်း အလုံးအရေ အတွက် ၃၄၇၇ လုံးရောင်းချပြီးပါပြီ၊ကျနော်တို့ ချပေးမယ့်အရေ အတွက် ၂၆၁၀၀ ပါ”ဟု  အဆိုပါ အရာရှိတစ်ဦးက ပြောသည်။
ဝယ်တုန်းကတော့ လိုင်းကောင်းတယ်၊ ဒါပေမယ့် တစ်ဖက်ပြောတာကို မကြားဘူး ဖုန်းခေါ်ရင်လည်း ခဏခဏ ကျသွားတယ်’’ ဟု ပြောသည်။
ရခိုင်ပြည်နယ် အတွင် နှစ်သိန်းတန် ဖုန်းစတင်ရောင်းချပေးနေသောလည်း ၀ယ်ယူသုံးစွဲသည့် အရေ  အတွက်အားဖြင့်နည်းပါးနေသေးကြောင်းလည်းသိရသည်။စတင်ရောင်းချသည့် နေ့မှ၂၀ရက်နေ့အထိ၇မြို့နယ်မှစုစုပေါင်း၃၄၇၇လုံးသာရောင်းရသေးကြောင်းလည်းသိရသည်။

 
 နှစ်သိန်းတန် ဖုန်းချပေးရာတွင်  စစ်တွေ၊ မြောက်ဦး၊ အမ်း၊ကျောက်ဖြူ၊ရမ်းဗြဲ၊တောင်ကုတ်၊ သံတွဲ စုစုပေါင်း ၇မြို့နယ် တွင်သာချပေးခြင်းဖြစ်ပြီး အရေ အတွက်အားဖြင့် စစ်တွေမြို့တွင် (၉၉၀၀ ) မြောက်ဦးတွင် (၂၇၀၀) အမ်း(၂၇၀၀) ကျောက်ဖြူ(၂၇၀၀) ရမ်းဗြဲ( ၂၇၀၀) တောင်ကုတ်( ၂၇၀၀) သံတွဲ (၂၇၀၀) အားဖြင့် စုစုပေါင်း  ၂၆၁၀၀ အထိ ချပေးသွားရန် အစီအစဉ်ရှိကြောင်းလည်းသိရသည်။
 
“ရခိုင်တပြည်နယ်လုံး မရသေးပါဘူး၊ဘူးသီးတောင်၊ ဂွ ၊ မင်းပြားတို့ကျတော့ အခု ချပေးတဲ့ နှစ်သိန်းတန် ဖုန်းသုံးလုံးမရသေးပါဘူး၊ နောက်ပိုင်းတော့ ရသွားမှာ၊ အခုပေးတဲ့ဖုန်းက အင်တာနက်သုံးလို့ ရပါတယ်၊ ဒါပေမယ့် အင်တာနက်သုံးစွဲမယ်ဆိုရင် လျှောက်ရပါမယ်၊ လာမည်ဧပြီ ၉ မှာ ကျန်တဲ့ မြို့တွေမှာ  နှစ်သိန်းတန်ဖုန်းပေးပါမယ်၊ စစ်တွေမှာ တော့ WCDMA ချပေးမှာ ”ဟု အဆိုပါ အရာရှိက ပြောသည်။
ထိုသို့နှစ်သိန်းတန်ဖုန်းစတင်ချပေးသည့်နေ့တွင်CDMAဖုန်းလိုင်း ပြတ် တောက်မှုလည်းရှိခဲ့ကြောင်းသိရသည်။
 
“နှစ်သိန်းတန်ဖုန်းစရောင်းတဲ့နေ့ကဆိုရင်ကျနော်တို့သုံးနေတဲ့CDMAဖုန်းတွေရပ်သွားတယ်၊ဘာကြောင့်တော့မသိဘူး”ဟုစစ်တွေမြို့မကျည်းမြိုင်ရပ်ကွက်ဖုန်းဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။
 
နှစ်သိန်းတန်ဖုန်းဝယ်ယူသုံးစွဲသူတစ်ဦးကလည်းလိုင်းပြတ်တောက်မှုမကြာခဏ ဖြစ်ပေါ်ကြောင်း  ပြောသည်။

ဝယ်တုန်းကတော့ လိုင်းကောင်းတယ်၊ ဒါပေမယ့် တစ်ဖက်ပြောတာကို မကြားဘူး ဖုန်းခေါ်ရင်လည်း ခဏခဏ ကျသွားတယ်’’ ဟု ပြောသည်။
ရခိုင်ပြည်နယ် အတွင် နှစ်သိန်းတန် ဖုန်းစတင်ရောင်းချပေးနေသောလည်း ၀ယ်ယူသုံးစွဲသည့် အရေ  အတွက်အားဖြင့်နည်းပါးနေသေးကြောင်းလည်းသိရသည်။စတင်ရောင်းချသည့် နေ့မှ၂၀ရက်နေ့အထိ၇မြို့နယ်မှစုစုပေါင်း၃၄၇၇လုံး
သာရောင်းရသေးကြောင်းလည်းသိရသည်။
မူရင်း။  ။http://www.myitmakhamediagroup.com/detail.php?newid=907

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment